ကျွန်တော်တို့အကြောင်း
- Home
- ကျွန်တော်တို့အကြောင်း
About us
Thai Myanmar Job Portal သည် ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများ လွယ်ကူစွာရှာဖွေနိုင်ရန် ရည်ရွယ်တည်ဆောက်ထားသော အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ စိတ်ချရပြီး ကျွမ်းကျင်သောအလုပ်များကို လျှောက်ထားနိုင်စေရန်နှင့် ထိုင်းနိုင်ငံအတွင်း လုပ်ငန်းရှင်များအနေဖြင့် ယုံကြည်စိတ်ချရသော မြန်မာဝန်ထမ်းများကို အမြန်ဆုံးရှာဖွေနိုင်စေရန် ဖြစ်ပါသည်။
Our Services
- အလုပ်အမျိုးအစား : အခြေအလုပ်များမှ ရုံးအလုပ်များအထိ အလုပ်မျိုးစုံကို လျှောက်ထားနိုင်ပါသည်။
– တတ်ကျွမ်းသော ဘာသာစကား: ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ဘာသာစကား (၄) မျိုးဖြင့် အသုံးပြုနိုင်ပါသည်။
– လွယ်ကူသောအသုံးပြုမှု: ဖုန်း၊ တက်ဘလက်နှင့် ကွန်ပျူတာမှ မည်သည့်နေရာကမဆို အလုပ်ရှာနိုင်ပါသည်။
– လုံခြုံမှု: စိတ်ချရသော လုပ်ငန်းရှင်များ၏ အလုပ်ကြော်ငြာများကို စိစစ်တင်ပေးထားပါသည်။
– Free for Job Seekers: အလုပ်ရှာသူများအတွက် အခမဲ့ အသုံးပြုနိုင်ပြီး၊ အလုပ်ကြော်ငြာများကို နေ့စဉ်အသစ်များထည့်ပေးထားပါသည်။
– For Employersလုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်ပြီး စိတ်ချရသော မြန်မာဝန်ထမ်းများကို လွယ်ကူစွာ ရှာဖွေခန့်အပ်နိုင်ပါသည်။
Our Vision
"ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ လူမှုဘဝတိုးတက်စေရန် နှင့် လုပ်ငန်းရှင်များအတွက် ယုံကြည်စိတ်ချရသော လုပ်သားအင်အားကို ဖန်တီးပေးရန်"
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများအတွက် လုံခြုံပြီး ရေရှည်တည်တံ့သော အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးကာ၊ လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်ပြီး စိတ်ချရသော လုပ်သားအင်အားကို အလွယ်တကူ ရှာဖွေနိုင်စေရန် ဖြစ်ပါသည်။
Our Mission
- မြန်မာလုပ်သားများအတွက်
- ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ လွယ်ကူစွာ အလုပ်ရှာဖွေနိုင်စေရန် နည်းပညာအထောက်အပံ့ပေးခြင်း။
- လုံခြုံပြီး စိတ်ချရသော အလုပ်ကြော်ငြာများကို စိစစ်တင်ပေးခြင်း။
- ဘာသာစကားနှင့် ယဉ်ကျေးမှုကွာဟမှုများကို ဖြေရှင်းပေးခြင်း။
- လုပ်ငန်းရှင်များအတွက်
- ကျွမ်းကျင်ပြီး စိတ်ချရသော မြန်မာဝန်ထမ်းများကို အမြန်ဆုံးရှာဖွေနိုင်စေရန် နည်းပညာအထောက်အပံ့ပေးခြင်း။
- လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ထမ်းများကို ထိရောက်စွာ ချိတ်ဆက်ပေးခြင်း။
- လူမှုအကျိုးပြု
- မြန်မာလုပ်သားများ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာပေးနှင့် အသိပညာမျှဝေခြင်း။
- ထိုင်း-မြန်မာ လုပ်သားဈေးကွက်တွင် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချမှုများ တည်ဆောက်ပေးခြင်း။
အခုပဲအလုပ်ရှာလိုက်ပါ
မြန်မာဝန်ထမ်းတွေအတွက်အသင့်တော်ဆုံးလုပ်ငန်းတွေကိုချိန်ဆက်ပေးနိုင်ရန် CV ကိုအခုပဲတင်ပြီး အလုပ်ရှာလိုက်ပါခင်ဗျာ။
ဘယ်လိုအလုပ်လုပ်တာလဲ?
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် အလုပ်ရှာဖွေရန်အလွယ်ကူဆုံး online platform

Free Resume Assessments
Resume ကို အလိုအလျောက်စစ်ဆေးပေးတဲ့ စနစ်က သင့်ရဲ့ အသေးစိတ်အချက်အလက်တွေကို စက္ကန့် ၃၀ အတွင်း စစ်ဆေးပြီး အလုပ်ရှင်တွေဆီ ပေးပို့ပါတယ်။

Job Fit Scoring
ob Fit Score စနစ်မှာတော့ သင့်ရဲ့ ပညာအရည်အချင်း၊ အတွေ့အကြုံနဲ့ စိတ်ဝင်စားမှုပေါ်မူတည်ပြီး သင့်အတွက် အကိုက်ညီဆုံး အလုပ်အကိုင်တွေကို ဖော်ပြပေးပါတယ်။

Help Every Step of the Way
အလုပ်လျှောက်လွှာရေးနည်းကနေ အင်တာဗျူးအထိ အသေးစိတ် လမ်းညွှန်ချက်များကို အဆင့်တိုင်းမှာ ရရှိနိုင်မှာဖြစ်ပါတယ်။